တရားရေးအရာရှိကြီးများမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဒီဇင်ဘာ  ၂၇

တရားရေးအရာရှိကြီးများမွမ်းမံသင်တန်း အမှတ်စဉ် (/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ( ၉ : ၀၀ ) နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Judicial College ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါ သည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလ မှာ ၃၁-၁၀-၂၀၂၄ ရက်နေ့မှ ၂၇-၁၂-၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ် (၉) ပတ်ကြာမြင့် ကြောင်းနှင့် သင်တန်းသို့ ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်တရားသူကြီးနှင့် တွဲဖက်ခရိုင် တရားသူကြီးအဆင့်ရှိ သင်တန်းသား (၁၁) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။