စာချွန်တော်အမှုများကြားနာ

နေပြည်တော် ဇွန် ၈

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊  ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊  ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမြင့်အောင်နှင့် ဦးခင်မောင်ကြည် တို့ပါဝင်သည့် အပြီးသတ်ကြားနာဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် (၀၉:၃၀) နာရီအချိန်၌  ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) တွင် ရုံးထိုင်ပြီး ရာဇဝတ်အထွေထွေလျှောက်ထားမှု (စာချွန်တော်) (၂) မှု နှင့် တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်)  (၂)မှုတို့ကို ရုံးထိုင်ကြားနာခဲ့ပါသည်။