နေပြည်တော်၊ ဒီဇင်ဘာလ ၂၃
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနက စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း (၃/၂၀၂၄) ကို၂၀၂၄ ခုနစ်၊ ဒီဇင်ဘာလ ၂၁ ရက် (စနေနေ့)၊ နံနက် ၀၉း၀၀ နာရီမှ ၀၄း၃၀ နာရီထိ Video Conferencing စနစ်ဖြင့် ဖွင့်လှစ်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းသို့ စေ့စပ်ဖြေရှင်းရေးအရာရှိများ၊ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ တရားသူကြီး/တရားရေးအရာရှိများ စုစုပေါင်း (၆၃၃) ဦး တက်ရောက်ခဲ့ပါသည်။