နေပြည်တော်၊ နိုဝင်ဘာ ၂၇
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၄) တွင် (၁၃) ကြိမ်မြောက် In Person – Virtual စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် (၈:၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးခင်မောင်ကြီး တက်ရောက်ပြီး အမှာစကားပြောကြားသည်။ Video Conferencing ဖြင့် အထက်တန်းရှေ့နေ (၂၀၄) ဦး တက်ရောက်ကြပြီး နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးမြို့တို့မှ အထက်တန်းရှေ့နေ (၅၅) ဦးတို့က ကိုယ်တိုင်တက်ရောက်ကြသည်။ အထက်တန်းရှေ့နေ စုစုပေါင်း (၂၅၉) ဦးတို့အား တရားလွှတ်တော် ရှေ့နေအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပြီးနောက် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။