ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုံညီခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော် ဇွန် ၁

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ အားလုံးပါဝင်သော စုံညီခုံရုံးသည် ယနေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌  တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ရုံးထိုင်၍ ရာဇဝတ် အထူးအယူခံမှု (၅)မှု နှင့် တရားမအထူးအယူခံမှု (၈)မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု (၆)မှုကို ရုံးထိုင်ကြားနာခဲ့သည်။