နေပြည်တော်၊ အောက်တိုဘာ ၃၁
တရားရေးအရာရှိကြီးများ မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နေ့လည် ၁း၀၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူ (၁၁) ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၉) ပတ် ကြာမြင့်မည်ဖြစ်ပါသည်။