ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊   အောက်တိုဘာ  

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ‌ဒေါ်သင်းသင်းနွဲ့၊ ဒေါက်တာကိုကိုနိုင် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန် တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၄၁/၂၀၂၄ (ဧရာဝတီ)၊ ၅/၂၀၂၄ (ရှမ်း)၊ ၃၁/၂၀၂၄ (မန္တလေး)၊ ၅၀/၂၀၂၄ (မွန်)၊ ၅၄/၂၀၂၄ (ပဲခူး)၊ ၆၃/၂၀၂၄ (ဧရာဝတီ) စုစုပေါင်း တရားမအထူးအယူခံမှု (၆)မှု တို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၅၂/၂၀၂၄ (ရန်ကုန်)၊  ၅၅/၂၀၂(ရှမ်း)၊  ၅၆/၂၀၂(မန္တလေး)၊ ၆၂/၂၀၂(ပဲခူး)၊ ၆၄/၂၀၂(ရန်ကုန်)၊ ၆၅/၂၀၂(မွန်) စုစုပေါင်း တရားမအထူးအယူခံမှု(၆)မှု တို့ကို ရုံးထိုင်ကြားနာခဲ့သည်။