နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်(The Day of National Mourning) အခမ်းအနားကျင်းပခြင်း

၂၀၂၅ ဧပြီ ၁

      ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မီးနစ် ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူ ခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁-၃-၂၀၂၅ ရက် နေ့မှ ၆-၄-၂၀၂၅ ရက်နေ့အထိ (၇) ရက်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည်။

      ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တရားရုံးဝန်ထမ်းများ မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဝန်ထမ်းများနှင့် ပြည်သူများခံစားခဲ့ရသည့် ယခုကဲ့သို့ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်များ၊ ထိခိုက်ဒဏ်ရာရမှုများနှင့် အသက်ဆုံးရှုံးမှုများအတွက် စာနာနားလည်မှုများနှင့်အတူ မိသားစုများအားလုံးနှင့်ထပ်တူခံစားလျက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၁-၄-၂၀၂၅ ရက်နေ့ နေ့လည် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အလံတိုင်ရှေ့မှောက်၌ တစ်မိနစ်ငြိမ် သက်စွာရပ်တန့်၍ ဦးညွှတ်ဂါရဝပြုသည့်အခမ်းအနားကိုကျင်းပခဲ့ပါသည်။ ထို့အပြင် ပြည်ထောင်စုတရားလွှတ် တော်ချုပ်မှ ထိခိုက်အသက်ဆုံးရှုံးခဲ့သောဝန်ထမ်းမိသားစုများအတွက် ဆုတောင်းမေတ္တာ ပို့သခြင်း၊ ဟွန်းတီးဂါရဝပြုခြင်း၊ အန္တရာယ်ကင်းပရိတ်များ၊ ဆုတောင်းစာများရွတ်ဆိုခြင်း၊ အမျှအတန်းပေးဝေခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။