ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးအား Video Conferencing စနစ်ဖြင့် လမ်းညွှန်အမှာစကားပြောကြား

နေပြည်တော် မေ ၂၀

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ပေးခြင်းခံရသည့် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်ပိုက်ပိုက်အေး အား ယနေ့ ၁၁:၀၀ အချိန်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးနိုင်နှင့် ပြည်ထောင်စုတရားသူကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်တို့ တက်ရောက်ခဲ့ပါသည်။