ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊   သြဂုတ်  ၂၆

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဦးသောင်းနိုင်၊ ဒေါက်တာကိုကိုနိုင် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၃/၂၀၂၄ (ကယား) နှင့် တရားမအထူးအယူခံမှုအမှတ်/၂၀၂၄ (ရှမ်း)၊ ၁၄/၂၀၂(မွန်)၊ ၂၃/၂၀၂(ရှမ်း)၊ ၄၂/၂၀၂(ဧရာဝတီ)စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၆/၂၀၂၄ (မန္တလေး)၊ ၇/၂၀၂၄ (မန္တလေး)၊  ၈/၂၀၂၄ (မန္တလေး)၊ ၉/၂၀၂၄(မန္တလေး)၊ ၁၀/၂၀၂၄ (မန္တလေး)၊ ၁၁/၂၀၂၄ (မန္တလေး)၊ ၁၂/၂၀၂၄ (မန္တလေး) နှင့် တရားမအထူးအယူခံမှုအမှတ် ၃၈/၂၀၂၄ (စစ်ကိုင်း)၊ ၄၇/၂၀၂(ရန်ကုန်)စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၇) မှုနှင့် တရားမအထူးအယူခံမှု (၂) မှုတို့ကို ရုံးထိုင်ကြားနာခဲ့သည်။