“တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်” Covid-19 ကာလ ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကျင်းပ

နေပြည်တော် မေ ၁၈

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်” Covid-19 ကာလ ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကို မေလ ၁၃ ရက် နံနက် ၀၉:၀၀ နာရီတွင် Video Conferencing ပုံစံဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် Covid-19 ကာလ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစမ်းသပ်အစီအစဉ် အကောင်အထည်ဖော်မှုများ၊ တရားစီရင်ရေးဆိုင်ရာဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့တို့၏ အဖွဲ့ဝင်များနှင့် စေ့စပ်ဖြေရှင်းရေးစမ်းသပ်အစီအစဉ် တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်သည့် ပျဉ်းမနားမြို့နယ်တရားရုံး၊ လယ်ဝေးမြို့နယ်တရားရုံး၊ ဇမ္ဗူသီရိမြို့နယ်တရားရုံး၊ ပုဗ္ဗသီရိမြို့နယ်တရားရုံး၊ ဥတ္တရသီရိမြို့နယ်တရားရုံး၊ ဒက္ခိဏသီရိမြို့နယ်တရားရုံး၊ စမ်းသပ်အစီအစဉ် စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် ဒက္ခိဏခရိုင်တရားရုံး၊ တောင်ငူခရိုင်တရားရုံး၊ တပ်ကုန်းမြို့နယ်တရားရုံး၊ တောင်ငူမြို့နယ်တရားရုံးတို့မှ ခရိုင်တရားသူကြီးများနှင့် မြို့နယ် တရားသူကြီးများက တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကိုဗစ်ကာလအတွင်း စေ့စပ်ဖြေရှင်းရေးလုပ်ငန်းများ မနှောင့်နှေးစေရန် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြပြီး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ချမှတ်အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒုတိယထို့ပြင် ကိုဗစ်ကာလအတွင်း စေ့စပ်ဖြေရှင်းရေးလုပ်ငန်းများ မနှောင့်နှေးစေရန် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြပြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ချမှတ်အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ချိုမာမြင့်တို့က ဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြသည်။

ယင်းအစည်းအဝေးကို  ကွန်ပြူတာနှင့် မိုဘိုင်းဖုန်းများကို အသုံးပြုလျက် အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး၊ ကိုဗစ်ကာလအတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများနှင့် လက်အောက်တရားရုံးများမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရန် အခက်အခဲရှိစဉ် လုပ်ငန်းဆောင်ရွက်ချက်များ နှောင့်နှေးကြန့်ကြာမှုများ မရှိစေရန်အတွက် Video Conferencing ပုံစံဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။