ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊   သြဂုတ်  ၁၂

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးကြည်သိန်း၊  ဒေါ်ခင်မေရီ၊  ဦးသောင်းနိုင်၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၅/၂၀၂၄ (မန္တလေး) နှင့် တရားမအထူးအယူခံမှုအမှတ်/၂၀၂၄ (မန္တလေး)၊ ၃၀/၂၀၂(ကချင်)၊ ၃၇/၂၀၂(ရန်ကုန်)၊ ၃၉/၂၀၂(ပဲခူး) နှင့် ၄၀/၂၀၂(မန္တလေး)စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက် ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၃/၂၀၂၄ (ကယား) နှင့် တရားမအထူးအယူခံမှု အမှတ် ၅/၂၀၂၄(ရှမ်း)၊ ၁၄/၂၀၂၄ (မွန်)၊  ၂၃/၂၀၂၄ (ရှမ်း)၊ ၄၂/၂၀၂၄ (ဧရာဝတီ)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) မှုတို့ကို ရုံးထိုင်ကြားနာခဲ့သည်။