ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ ဇူလိုင်  ၂၉

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၂၇/၂၀၂၄ (ရန်ကုန်)၊ ၂၈/၂၀၂(ရှမ်း)၊ ၃၂/၂၀၂(ရှမ်း)၊ ၃၃/၂၀၂(ရှမ်း) နှင့် ၃၅/၂၀၂(ရန်ကုန်)စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၅/၂၀၂၄ (မန္တလေး) နှင့် တရားမအထူးအယူခံမှုအမှတ် ၆/၂၀၂၄ (မန္တလေး)၊ ၃၀/၂၀၂၄ (ကချင်)၊ ၃၇/၂၀၂၄ (ရန်ကုန်)၊ ၃၉/၂၀၂၄ (ပဲခူး)၊ ၄၀/၂၀၂၄ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၅) မှုတို့ကို ရုံးထိုင်ကြားနာခဲ့သည်။