AML/CFT ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင်   ၂၇  

 

AML/CFT ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၉:၀၀) နာရီတွင် ပူးတွဲစနစ် (In-person/Virtual) ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက အမှာစကားပြောကြားသည်။

 

အဆိုပါ ဆွေးနွေးပွဲ၌       ရှေ့နေရှေ့ရပ်များ လိုက်နာရမည့်  AML/CFT ဆိုင်ရာအချက်များကို ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးကလည်းကောင်း၊ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ အခန်းကဏ္ဍ၊ ဆုံးရှုံးမှုအန္တရာယ် ချဉ်းကပ်လေ့လာခြင်းနှင့် သံသယဖြစ်ဖွယ်လွှဲပြောင်းမှုများ သတင်းပေးပို့ခြင်းတို့ကို  ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ရဲမှူးကြီးမြင့်စိုးက လည်းကောင်း၊ AML/ CFT ဆိုင်ရာ တာဝန်ရှိမှုနှင့် သတင်းပို့အဖွဲ့အစည်းဖြစ်သည့် ရှေ့နေရှေ့ရပ်များက ကြီးကြပ်ရေးအာဏာပိုင်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မှုများအကြောင်းကို တရားလွှတ်တော်ရှေ့နေများ ကောင်စီဝင် ဒေါ်ခင်နုသာကလည်းကောင်း အသီးသီးဆွေးနွေးပြီးနောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပါသည်။

 

အသိပညာပေးဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (ရန်ကုန်)၊  တရားလွှတ်တော်ရှေ့နေများကောင်စီ (ရန်ကုန်ရုံးခွဲ) တို့မှအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရှေ့နေရှေ့ရပ်များ စုစုပေါင်း  (  ၁၁၈  ) ဦး တက်ရောက်ကြသည်။