နေပြည်တော်၊ ဇူလိုင် ၈
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးတင်ဟုန်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၅၃/၂၀၂၃ (ရန်ကုန်)၊ ၂၁/၂၀၂၄(ရန်ကုန်)၊ ၂၆/၂၀၂၄(မန္တလေး)၊ ၂၉/၂၀၂၄(မန္တလေး) နှင့် ၃၄/၂၀၂၄ (မန္တလေး) ၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ်၂၇/၂၀၂၄ (ရန်ကုန်)၊ ၂၈/၂၀၂၄ (ရှမ်း)၊ ၃၂/၂၀၂၄ (ရှမ်း)၊ ၃၃/၂၀၂၄ (ရှမ်း) နှင့် ၃၅/၂၀၂၄ (ရန်ကုန်) ၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို ရုံးထိုင်ကြားနာခဲ့သည်။