ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်   ဇွန်  ၂၄

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဒေါ်ခင်မေရီ၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၄/၂၀၂၄ (တနင်္သာရီ) ၊ တရားမအထူးအယူခံမှုအမှတ်/၂၀၂၄ (မန္တလေး) ၊ ၁၈/၂၀၂(ရန်ကုန်) ၊ ၂၀/၂၀၂(ရန်ကုန်) ၊ ၂၂/၂၀၂(ဧရာဝတီ) ၊ ၂၄/၂၀၂(ရန်ကုန်) နှင့် ၂၅/၂၀၂(မကွေး) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၆) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၅၃/၂၀၂(ရန်ကုန်) ၊ ၂၁/ ၂၀၂(ရန်ကုန်) ၊ ၂၆/၂၀၂၄ (မန္တလေး) ၊ ၂၉/၂၀၂၄ (မန္တလေး) နှင့် ၃၄/၂၀၂၄ (မန္တလေး)စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို ရုံးထိုင်ကြားနာခဲ့သည်။