စေ့စပ်ဖြေရှင်း‌ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်လှစ်ပို့ချခြင်း

နေပြည်တော်၊ ဇွန် ၁၇

ပြည်ထောင်စုတရားလွှတ်‌တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနက စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၄) ကို ၁၅.၆.၂၀၂၄ (စနေနေ့) နှင့် ၁၆.၆.၂၀၂၄ (တနင်္ဂနွေနေ့) များတွင် နံနက် ၀၉း၀၀ နာရီမှ ညနေ ၀၄း၃၀ ထိ Video Conferencing စနစ်ဖြင့် ဖွင့်လှစ်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ၁၅.၆.၂၀၂၄ နေ့တွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊   ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး နှင့် မကွေး တိုင်းဒေသကြီးတို့မှ စေ့စပ်ဖြေရှင်းရေးအရာရှိများ၊ တရားသူကြီးများ နှင့် တရားရေးအရာရှိများ စုစုပေါင်း (၃၂၄) ဦး၊ ၁၆.၆.၂၀၂၄ ရက်နေ့တွင် တနင်္သာရီတိုင်း‌ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီတိုင်း‌ဒေသကြီးတို့မှ စေ့စပ် ဖြေရှင်းရေးအရာရှိများ၊ တရားသူကြီးများ နှင့် တရားရေးအရာရှိများ စုစုပေါင်း (၃၅၀) ဦး၊ စုစုပေါင်း (၆၇၄) ဦးတို့ တက်ရောက်ခဲ့ပါသည်။