နေပြည်တော်၊ ဇွန် ၁၀
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဦးသောင်းနိုင်၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၄၁/၂၀၂၃ (စစ်ကိုင်း)၊ ၂/၂၀၂၄ (ရန်ကုန်)၊ ၈/၂၀၂၄ (ကချင်)၊ ၁၃/၂၀၂၄ (ရန်ကုန်)၊ ၁၅/၂၀၂၄ (မန္တလေး)၊ ၉/၂၀၂၄ (မကွေး)၊ ၁၁/၂၀၂၄ (မန္တလေး)၊ ၁၂/၂၀၂၄ (ရန်ကုန်)၊ ၁၆/၂၀၂၄ (မန္တလေး) နှင့် ၁၇/၂၀၂၄ (မန္တလေး)၊ စုစုပေါင်းတရားမအထူးအယူခံမှု (၁၀) မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၄/၂၀၂၄ (တနင်္သာရီ)၊ တရားမအထူးအယူခံမှုအမှတ် ၆/၂၀၂၄ (မန္တလေး)၊ ၁၈/၂၀၂၄ (ရန်ကုန်)၊ ၂၀/၂၀၂၄ (ရန်ကုန်)၊ ၂၂/၂၀၂၄ (ဧရာ၀တီ)၊ ၂၄/၂၀၂၄ (ရန်ကုန်)နှင့် ၂၅/၂၀၂၄(မကွေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၆) မှုတို့ကို ရုံးထိုင်ကြားနာခဲ့သည်။