နေပြည်တော်၊ မေ ၁၃
တရားရေးအရာရှိကြီးများ မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၀၈:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား (၆) ဦး / သင်တန်းသူ (၅) ဦး စုစုပေါင်း (၁၁) ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၃-၅-၂၀၂၄ ရက်နေ့မှ ၁၂-၇-၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ် (၉) ပတ်ကြာမြင့်မည်ဖြစ်သည်။