ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ မေ ၆

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးကြည်သိန်း၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁/၂၀၂(မန္တလေး) နှင့်  ၂/၂၀၂(ပဲခူး) ၊ တရားမအထူးအယူခံမှုအမှတ် ၄၁/၂၀၂(စစ်ကိုင်း) ၊ ၂/၂၀၂(ရန်ကုန်) ၊ ၈/၂၀၂(ကချင်) ၊ ၁၃/၂၀၂(ရန်ကုန်) နှင့် ၁၅/၂၀၂(မန္တလေး) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမအထူးအယူခံမှု (၅) မှု တို့ကို ရုံးထိုင်ကြားနာခဲ့သည်။