နေပြည်တော်၊ ဧပြီ ၂၂
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၉/၂၀၂၃ (စစ်ကိုင်း) ၊ ၁၀/၂၀၂၃ (စစ်ကိုင်း) နှင့် ၁၂/၂၀၂၃ (ကချင်) ၊ တရားမအထူးအယူခံမှုအမှတ် ၃၂/၂၀၂၃ (ကရင်) ၊ ၄၄/၂၀၂၃ (ရှမ်း) ၊ ၁/၂၀၂၄ (မန္တလေး) ၊ ၁၉/၂၀၂၂ (ဧရာဝတီ) ၊ ၅၂/၂၀၂၃ (ကချင်) ၊ ၃/၂၀၂၄ (မန္တလေး) နှင့် ၄/၂၀၂၄ (မန္တလေး) ၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၃) မှုနှင့် တရားမအထူးအယူခံမှု (၇) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၄၅/၂၀၂၃ (ရန်ကုန်) ၊ ၄၆/၂၀၂၃ (မန္တလေး) ၊ ၄၇/၂၀၂၃(မန္တလေး)၊ ၄၈/၂၀၂၃ (မန္တလေး) ၊ ၄၉/၂၀၂၃ (ရှမ်း) ၊ ၇/၂၀၂၄ (ရန်ကုန်) နှင့် ၁၀/၂၀၂၄(ဧရာဝတီ) ၊ စုစုပေါင်းတရားမအထူးအယူခံမှု (၇) မှု တို့ကို ရုံးထိုင်ကြားနာခဲ့သည်။