နေပြည်တော်၊ ဧပြီ ၃
ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် နည်းပညာအသုံးပြု မှုခင်းသတင်းအချက်အလက်စနစ်- Case Information System (CIS) ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက် (အင်္ဂါနေ့)၊ နံနက် ၀၉:၀၀ နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်း၌ Video Conference စနစ်ဖြင့် ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် e-Government ဌာနမှ တာဝန်ရှိသူများက စနစ်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် အမှုအချက်အလက်များနှင့်ပုံစံများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (တရား စီရင်ရေး) တို့က လိုအပ်သည်များကို လမ်းညွှန်မှာကြားကြသည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (တရားစီရင်ရေး)၊ ပြစ်မှုတရားစီရင်ရေးဌာန၊ တရားမတရားစီရင်ရေးဌာန၊ စာချွန်တော်ဌာနနှင့် e-Government ဌာနမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များမှ တရားရေးဦးစီးမှူးများနှင့် ခရိုင်အဆင့်တရားသူကြီးများ စုစုပေါင်း (၁၁၅) ဦး တက်ရောက်ကြသည်။