နေပြည်တော်၊ မတ် ၂၅
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၈/၂၀၂၃ (မန္တလေး) နှင့် ၁၁/၂၀၂၃ (တနင်္သာရီ)၊ တရားမအထူးအယူခံမှုအမှတ် ၃၃/၂၀၂၃ (ဧရာဝတီ)၊ ၄၀/၂၀၂၃ (မွန်)၊ ၄၃/၂၀၂၃ (ရန်ကုန်)၊ ၅၀/၂၀၂၃ (ရန်ကုန်) နှင့် ၅၁/၂၀၂၃ (ရန်ကုန်) ၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂)မှုနှင့် တရားမအထူးအယူခံမှု (၅)မှု တို့ကို စီရင်ချက် ချမှတ်သည်။ ထို့ပြင်ရာဇဝတ်အထူးအယူခံမှုအမှတ်၉/၂၀၂၃(စစ်ကိုင်း)၊ ၁၀/၂၀၂၃(စစ်ကိုင်း) နှင့် ၁၂/၂၀၂၃ (ကချင်)၊ တရားမအထူးအယူခံမှုအမှတ် ၁၉/၂၀၂၂ (ဧရာဝတီ)၊ ၅၂/၂၀၂၃ (ကချင်)၊ ၃/၂၀၂၄ (မန္တလေး) နှင့် ၄/၂၀၂၄ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၃) မှုနှင့် တရားမအထူးအယူခံမှု (၄) မှု တို့ကို ရုံးထိုင်ကြားနာခဲ့သည်။