နေပြည်တော်၊ မတ် ၁၁
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၂၆/၂၀၂၂ (မန္တလေး)၊ ၁၅/၂၀၂၃ (မကွေး)၊ ၂၂/၂၀၂၃ (ကချင်)၊ ၃၁/၂၀၂၃ (ပဲခူး)၊ ၃၅/၂၀၂၃ (ရန်ကုန်) နှင့် ၄၂/၂၀၂၃ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၆) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင်ရာဇဝတ်အထူးအယူခံမှုအမှတ် ၈/၂၀၂၃ (မန္တလေး) နှင့် ၁၁/၂၀၂၃ (တနင်္သာရီ)၊ တရားမအထူးအယူခံမှုအမှတ် ၃၂/၂၀၂၃ (ကရင်)၊ ၄၄/၂၀၂၃ (ရှမ်း) နှင့် ၁/၂၀၂၄ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမအထူးအယူခံမှု (၃) မှုတို့ကို ရုံးထိုင်ကြားနာခဲ့သည်။