လူမွဲခံယူခြင်းဆိုင်ရာဥပဒေနှင့်စပ်လျဉ်းသည့် အသိပညာပေး ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ မတ် ၇

လူမွဲခံယူခြင်းဆိုင်ရာဥပဒေနှင့်စပ်လျဉ်းသည့် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၈:၃၀)နာရီတွင်  ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမတွင် ပူးတွဲစနစ် (In-person/Virtual) ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးခွန်ဖြူက လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရစွဲဆိုမှုများ  စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်နွယ်အောင်က လူမွဲခံယူခြင်းဆိုင်ရာဥပဒေနှင့် တစ်သီးပုဂ္ဂလလူမွဲခံယူခြင်းအကြောင်း သိကောင်းစရာခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

အသိပညာပေးဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့်  တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များမှ တရား‌ရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများနှင့် ခရိုင်တရားရုံးများမှ တရား‌သူကြီးများအပါအဝင် စုစုပေါင်းတရား‌ရေးအရာရှိ (၄၄၈) ဦးတို့ တက်ရောက်ခဲ့သည်။