တရားရေးအရာရှိကြီးများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉

 

တရားရေးအရာရှိကြီးများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၅:၀၀ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပါသည်။

 

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူ (၁၁) ဦးတို့တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလမှာ ၁-၁-၂၀၂၄ ရက်နေ့မှ ၂၉-၂-၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ် (၈) ပတ် ကြာမြင့်ကြောင်းနှင့် သင်တန်းသို့ ခရိုင်တရားသူကြီး၊ တွဲဘက်ခရိုင်တရားသူကြီးနှင့် ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိ တရားသူကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။