နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးတင်ဟုန်၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃၃/၂၀၂၃ (ဧရာဝတီ)၊ ၄၀/၂၀၂၃ (မွန်)၊ ၄၃/၂၀၂၃ (ရန်ကုန်)၊ ၅၀/၂၀၂၃ (ရန်ကုန်)၊ ၅၁/၂၀၂၃ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှု တို့ကို ရုံးထိုင်ကြားနာခဲ့သည်။