နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၉/၂၀၂၂ (ဧရာဝတီ)၊ ၁၇/၂၀၂၃ (တနင်္သာရီ)၊ ၁၉/၂၀၂၃ (ဧရာဝတီ)၊ ၂၃/၂၀၂၃ (ရန်ကုန်)၊ ၃၉/၂၀၂၃ (ရန်ကုန်)၊ ၄၇/၂၀၂၂ (မကွေး)၊ ၁၀/၂၀၂၃ (တနင်္သာရီ)၊ ၂၅/၂၀၂၃ (ကချင်)၊ ၂၆/၂၀၂၃ (မန္တလေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၉) မှု တို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၂၆/၂၀၂၂ (မန္တလေး)၊ ၁၅/၂၀၂၃ (မကွေး)၊ ၂၂/၂၀၂၃ (ကချင်)၊ ၃၁/၂၀၂၃ (ပဲခူး)၊ ၃၅/၂၀၂၃ (ရန်ကုန်)၊ ၄၂/၂၀၂၃ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၆) မှု တို့ကို ရုံးထိုင်ကြားနာခဲ့သည်။