နေပြည်တော်၊ ဇန်နဝါရီ ၂၂
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးမောင်၊ ဒေါ်ခင်မေရီ၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၄၇/၂၀၂၂ (မကွေး)၊ ၁၀/၂၀၂၃ (တနင်္သာရီ)၊ ၂၅/၂၀၂၃ (ကချင်)၊ ၂၆/၂၀၂၃ (မန္တလေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှု တို့ကို ရုံးထိုင်ကြားနာခဲ့သည်။