နေပြည်တော်၊ ဇန်နဝါရီ ၁၆
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်တွင် Online ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
အစည်းအဝေး (တတိယနေ့) တွင် ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်တို့က တရားစီရင်ရေးအခြေအနေနှင့် တရားရုံးလုပ်ငန်း အခြေအနေများကို Online ဖြင့် ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးတင်ဟုန်တို့က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက နိဂုံးချုပ် လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေး (တတိယနေ့) သို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ တက်ရောက်ခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။