ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၁၅ 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်တွင် Online ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ 

အစည်းအဝေး (ဒုတိယနေ့) တွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်ပိုက်အေး၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ရန်ကုန် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်  ဦးဝင်းမြင့်တို့က တရားစီရင်ရေးအခြေအနေနှင့် တရားရုံး လုပ်ငန်းအခြေအနေများကို Online ဖြင့် ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့တို့က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက နိဂုံးချုပ် လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ 

အဆိုပါ အစည်းအဝေး (ဒုတိယနေ့) သို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် တရားရေးဦးစီးမှူးများ တက်ရောက်ခဲ့ကြကြောင်းနှင့် အစည်းအဝေး (တတိယနေ့) ကို ၁၆-၁-၂၀၂၄ ရက်နေ့တွင် ဆက်လက်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။