နေပြည်တော်၊ ဇန်နဝါရီ ၁၂
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်တွင် Online ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုတရား သူကြီးချုပ် ဦးသာဌေး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
အစည်းအဝေး (ပထမနေ့) တွင် ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပဲခူးတိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ ရခိုင်ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဒေါ်မြအေးတို့က တရားစီရင်ရေးအခြေအနေနှင့် တရားရုံးလုပ်ငန်းအခြေအနေများ ကို Online ဖြင့် ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဒေါပြုံးပြုံးအေး တို့က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက နိဂုံးချုပ် လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေး(ပထမနေ့)သို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်း အတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ တက်ရောက်ခဲ့ကြကြောင်းနှင့် အစည်းအဝေး(ဒုတိယနေ့)ကို ၁၅-၁-၂၀၂၄ နေ့တွင် လည်းကောင်း၊ အစည်းအဝေး(တတိယနေ့)ကို ၁၆-၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ဆက်လက် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။