နေပြည်တော်၊ နိုဝင်ဘာလ ၈
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးအောင်ဇော်သိန်း ၊ ဦးမျိုးမောင် ၊ ဦးခင်မောင်ကြီး ၊ ဦးတင်ဟုန် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၃/၂၀၂၀ (မန္တလေး) ၊ ၆/၂၀၂၀ (မန္တလေး) ၊ ၉/၂၀၂၀ (ကရင်) နှင့် ၁၂/၂၀၂၀ (ရန်ကုန်) ၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုကို ကိုဗစ် – ၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။