နေပြည်တော်၊ ဒီဇင်ဘာ ၁၈
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁/၂၀၂၃ (ရန်ကုန်)၊ ၂/၂၀၂၃ (မန္တလေး)၊ ၃/၂၀၂၃ (ကချင်)၊ ၄/၂၀၂၃ (ကချင်)၊ ၅/၂၀၂၃ (ကချင်)၊ ၆/၂၀၂၃ (ရခိုင်) နှင့် ၇/၂၀၂၃ (ရန်ကုန်)၊ တရားမအထူးအယူခံမှုအမှတ် ၄၉/၂၀၂၂ (မွန်)၊ ၅၀/၂၀၂၂ (မွန်)၊ ၂၉/၂၀၂၃ (ရှမ်း)၊ ၃၀/၂၀၂၃ (ရှမ်း)၊ ၃၄/၂၀၂၃ (ဧရာဝတီ) နှင့် ၃၆/၂၀၂၃ (မန္တလေး) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၇) မှုနှင့် တရားမအထူးအယူခံမှု (၆) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူအယူခံမှုအမှတ် ၂၆/၂၀၂၂ (မန္တလေး)၊ ၇/၂၀၂၃ (ပဲခူး)၊ ၁၈/၂၀၂၃ (ရန်ကုန်)၊ ၃၇/၂၀၂၃ (ရှမ်း) နှင့် ၃၈/၂၀၂၃ (မကွေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှု တို့ကို ရုံးထိုင်ကြားနာခဲ့သည်။