ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၄၀/၂၀၂၂ (ကရင်)၊ ၈/၂၀၂၃ (ရှမ်း)၊ ၂၀/၂၀၂၃ (ကချင်)၊ ၂၁/၂၀၂၃ (မကွေး) နှင့် ၂၄/၂၀၂၃ (ပဲခူး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၁/၂၀၂၃ (ရန်ကုန်)၊ ၂/၂၀၂၃ (မန္တလေး)၊ ၃/၂၀၂၃ (ကချင်)၊ ၄/၂၀၂၃ (ကချင်)၊ ၅/၂၀၂၃ (ကချင်)၊ ၆/၂၀၂၃ (ရခိုင်) နှင့် ၇/၂၀၂၃ (ရန်ကုန်)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၇) မှု တို့ကို ရုံးထိုင်ကြားနာခဲ့သည်။