နေပြည်တော်၊ နိုဝင်ဘာ ၂၁
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားစီရင်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် ငါးနှစ်တာတရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်တရားစီရင်ရေးမဟာဗျူဟာလုပ်ငန်းအစီအစဉ် ရေးဆွဲထုတ်ပြန်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အောက်ထပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲကို တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ကြီးမှူး၍ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယနှစ်တရားစီရင်ရေး မဟာဗျူဟာလုပ်ငန်းအစီအစဉ်ရေးဆွဲရေးလုပ်ငန်းအဖွဲ့အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတရားလွှတ်တော်များမှ တရားရေးဦးစီးမှူးများက အွန်လိုင်းမှတက်ရောက်ကြပါသည်။ အစည်းအဝေးတက်ရောက်လာသူများက ဒုတိယနှစ်လုပ်ငန်းအစီအစဉ် (၂၀၂၄ ခုနှစ်) အောင်မြင်စွာရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် ဒုတိယနှစ်တရားစီရင်ရေးမဟာဗျူဟာလုပ်ငန်းအစီအစဉ်မူကြမ်းအပေါ် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ဆွေးနွေးခဲ့ကြသည်။