နေပြည်တော်၊ နိုဝင်ဘာ ၂၀
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးကြည်သိန်း၊ ဦးသိန်းကိုကို၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၄၉/၂၀၂၂ (မွန်)၊ ၅၀/၂၀၂၂ (မွန်)၊ ၂၉/၂၀၂၃ (ရှမ်း)၊ ၃၀/၂၀၂၃ (ရှမ်း)၊ ၃၄/၂၀၂၃ (ဧရာဝတီ)၊ ၃၆/၂၀၂၃ (မန္တလေး) စုစုပေါင်း တရားမအထူးအယူခံမှု (၆) မှုတို့ကို ရုံးထိုင်ကြားနာခဲ့သည်။