နေပြည်တော် မတ် ၁၀
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ လေ့ကျင့်ဌာန၊ လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် (ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးလှအေးမှ တက်ရောက်၍ သင်တန်းအဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ လေ့ကျင့်ဌာန၊ ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်တရားသူကြီးများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁၂) ပတ်ကြာမြင့်မည်ဖြစ်ပါသည်။