ကွန်ပျူတာကျွမ်းကျင်မှုဆိုင်ရာသင်တန်းဖွင့်လှစ်

နေပြည်တော်၊ နိုဝင်ဘာ ၆

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တရားရေးအရာရှိများနှင့် စာရေးဝန်ထမ်းများအတွက် ကွန်ပျူတာကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းမြှင့်တင်ရန် ရည်ရွယ်လျက် Microsoft Office Word အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လည် (၁) နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ကွန်ပျူတာသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင်နှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူ (၂၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။ သင်တန်းကို (၆-၁၁-၂၀၂၃) ရက်နေ့မှစ၍ ရက်သတ္တ()ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကွန်ပျူတာဖြင့်ရုံးစာရေးသားရာတွင် စနစ်တကျအသုံးပြုနိုင်စေရန်အတွက် Microsoft Office Word ဘာသာရပ်ကို အထူးပြုသင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။