နေပြည်တော်၊ အောက်တိုဘာ ၃၁
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် ( ၂ ) တွင် နဝမအကြိမ် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် (၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးသောင်းနိုင်နှင့် ဒေါ်ပြုံးပြုံးအေး တို့တက်ရောက်ကြပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်က အမှာစကားပြောကြားသည်။ အထက်တန်းရှေ့နေ ( ၂၂၂ ) ဦးအား တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပြီးနောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။