နေပြည်တော်၊ အောက်တိုဘာ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၇ / ၂၀၂၃ အရ ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂ ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် အမိန့်ကြော်ငြာစာအမှတ် ၂၁၈ / ၂၀၂၃ အရ ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅ ၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေတို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် (၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်)နေ့တွင် အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာများအား အများပြည်သူသိရှိနိုင်ပါရန် ကြေညာအပ်ပါသည်။