သီတင်းကျွတ်ဂါရဝပြုကန်တော့ပွဲကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၂၅

 

ပြည်ထောင်စုတရားသူကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းမိသားစုများ၏ သီတင်းကျွတ်ဂါရဝပြုကန်တော့ပွဲ အခမ်းအနားကို ယနေ့နေ့လည် ၁၅:၀၀ နာရီအချိန်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

သီတင်းကျွတ်ဂါရဝပြုကန်တော့ပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသည့် ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေးတို့က တက်ရောက်၍ ဂါရဝပြုကန်တော့ခံခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အကြီးအကဲများအား ဝါကျွတ်ကာလဂါရဝပြုခြင်းအတွက် မင်္ဂလာဩဝါဒစကားများပြောကြားခဲ့ပြီး ဝန်ထမ်းမိသားစုများအား သီတင်းကျွတ်ချီးမြှင့်ငွေအား ပေးအပ်ချီးမြှင့်ခဲ့သည်။