ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ အောက်တိုဘာ ၉

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃၂/၂၀၂၂ (ရခိုင်)၊ ၄၅/၂၀၂၂ (ရခိုင်)၊ ၆/၂၀၂၃ (ပဲခူး)၊ ၁၂/၂၀၂၃ (မန္တလေး)၊ ၁၄/၂၀၂၃ (မကွေး)၊ ၄၃/၂၀၂၂ (ဧရာဝတီ)၊ ၄၈/၂၀၂၂ (ရန်ကုန်)၊ ၅၂/၂၀၂၂ (ကရင်)၊ ၉/၂၀၂၃ (ရှမ်း)၊ ၁၁/၂၀၂၃ (ရှမ်း) နှင့် ၂၈/၂၀၂၃ (ရှမ်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၁၁) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၈/၂၀၂၃ (ရန်ကုန်)၊ ၅၈/၂၀၂၂ (ကရင်)၊ ၅/၂၀၂၃ (ရန်ကုန်)၊ ၁၆/၂၀၂၃ (ရန်ကုန်) နှင့် ၂၇/၂၀၂၃ (မကွေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို ရုံးထိုင်ကြားနာခဲ့သည်။