တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ စက်တင်ဘာ ၁၁

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ လေ့ကျင့်ဌာနမှဖွင့်လှစ်သော တရားရုံးဝန်ထမ်းများအရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၃)  သင်တန်းဖွင့်ပွဲ အခမ်းအနားကို နေ့လယ် (၂:၀၀) နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး (သင်တန်းခန်းမ) ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် သင်တန်းသား၊ သင်တန်းသူ အမှုထမ်း (၁၄) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။