ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ စက်တင်ဘာ ၄

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော   ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၀၃/၂၀၁၉ (မန္တလေး)၊ ၂၀/၂၀၂၁ (ကချင်) နှင့် ၄၆/၂၀၂၂ (မန္တလေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၃) မှုတို့ကို  ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။