ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ ဩဂုတ် ၁၄

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာ‌ဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး များဖြစ်ကြသော  ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဦးသောင်းနိုင်နှင့်ဦးသိန်းကိုကိုတို့ ပါဝင်သည့် အထူး အယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၊ ရုံးခန်းအမှတ် (၁) ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်ရေးညွှန်ကြားချက်များ နှင့်အညီ ရုံး ထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၁၃/၂၀၂၃ (ဧရာဝတီ)၊ ၄၀/၂၀၂၂ (စစ်ကိုင်း)၊ ၃/၂၀၂၃ (ရှမ်း) နှင့် ၄/၂၀၂၃ (ရှမ်း)၊ စုစုပေါင်း တရားမ အထူးအယူခံမှု (၄) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ပြီး တရားမအထူးအယူခံမှု အမှတ် ၁၃/၂၀၂၃ (ဧရာဝတီ) အမှုကို ပလပ်သည့်အမိန့်ချမှတ်ခဲ့သည်။