ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ ဇူလိုင် ၃

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော  ဦးအောင်ဇော်သိန်း၊ ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန် တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၆/၂၀၂၂ (မန္တလေး)၊ ၃၀/၂၀၂၂ (မန္တလေး)၊ ၁/၂၀၂၃ (ရန်ကုန်) နှင့် ၂/၂၀၂၃ (ရှမ်း)၊ စုစုပေါင်း တရားမ အထူးအယူခံမှု (၄) မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု အမှတ် ၃၂/၂၀၂၂ (ရခို်င)၊ ၆/၂၀၂၃ (ပဲခူး) နှင့် ၁၂/၂၀၂၃ (မန္တလေး) စုစုပေါင်း တရားမအထူးအယူခံမှု (၃) မှုတို့ကို   ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။