ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းနှင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသူများကိုဆုချီးမြှင့်ခြင်း

နေပြည်တော်၊ ဇွန် ၂၈

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများ၏ သား/သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်အထိ အဆင့်အလိုက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိခဲ့ကြပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား  ဆုများပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စုဝေးခန်းမ၌ ယနေ့နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းမိသားစုများ၊ ဆုတက်ရောက်လက်ခံယူသည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။