ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊  ဇွန် ၁၉

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော  ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၃/၂၀၂၂ (မကွေး) နှင့် ၁၄/၂၀၂၂ (မွန်)၊ တရားမအထူးအယူခံမှုအမှတ် ၄၃/၂၀၂၀ (ရန်ကုန်)၊ ၃၃/၂၀၂၂ (မန္တလေး) နှင့် ၃၆/၂၀၂၂ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမအထူးအယူခံမှု (၃) မှုတို့ကို  စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၀၃/၂၀၁၉ (မန္တလေး)၊ ၂၀/၂၀၂၁ (ကချင်) နှင့် ၄၆/၂၀၂၂ (မန္တလေး) စုစုပေါင်း တရားမအထူးအယူခံမှု (၃) မှုတို့ကို   ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီရုံးထိုင်ကြားနာခဲ့သည်။