တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန် ၁၃

ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် ၄/၂၀၂၃ ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် (အင်္ဂါနေ့)၊ နံနက် ၉း၀၀ နာရီအချိန်တွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနများ၏ ၂၀၂၃ ခုနှစ်၊ ဧပြီလ၊ မေလနှင့်ဇွန်လများအတွင်း တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးကြသည်။

ယင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြား‌ရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနများမှ ဌာနတာဝန်ခံများနှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများ စုစုပေါင်း (၄၂) ဦး တက်ရောက်ကြသည်။